esta.vic.gov.au

သုည (000) သုံးဆ ခေါ်ဆိုခြင်း (Calling triple zero – Burmese)

သုည (၀၀၀) သုံးဆ ခေါ်ဆိုမှုအတွက် မြန်မာအရင်းအမြစ်များ (Burmese resources for making a triple zero call).

အရေးပေါ် ဝန်ဆောင်မှုများ ဆက်သွယ်ရေး ကွပ်ကဲမှုဌာန (Emergency Services Telecommunications Authority) (ESTA) သည် ဗစ်တိုးရီးယားပြည်နယ် သုညသုံးလုံး (000) ဖုန်းခေါ်ခြင်းများအား စီမံခန့်ခွဲပြီး ၂၄ နာရီလုံး အရေးပေါ်ဖုန်းခေါ်ခြင်းများကို လက်ခံကာ ရဲတပ်ဖွဲ့၊ မီးသတ်နှင့် လူနာတင်ယာဉ် ဝန်ဆောင်မှုများကို စေလွှတ်ပေးပါသည်။

ESTA သည် မိုးသက်မုန်တိုင်းကျရောက်ခြင်း သို့မဟုတ် ရေကြီးရေလျှံခြင်းတို့နှင့်ပတ်သက်သည့် အသက်ဘေး မစိုးရိမ်ရသော အရေးပေါ် အခြေအနေများအတွက်လည်း ဖုန်းနံပါတ်132 500မှတဆင့် ဖုန်းခေါ်ခြင်းများကို လက်ခံကာ ကယ်ဆည်ရေးစေလွှတ်ပေးပါသည်။

အရေးပေါ် အခြေအနေတွင် အမြဲတမ်း ဖုန်း သုညသုံးလုံးကို ခေါ်ပါ။ အရေးပေါ်အခြေအနေဆိုသည်မှာ ပြင်းထန်ပြီး မျှော်လင့်မထားသည့် များသောအားဖြင့် ဘေးအန္တရာယ်ရှိသော အခြေအနေဖြစ်သည်၊ ၎င်းကို ချက်ချင်း အရေးယူ ဆောင်ရွက်ရန် လိုအပ်သည်။ ယင်းတို့တွင် အသက်၊ ကျန်းမာရေး နှင့်/သို့မဟုတ် အဆောက်အအုံပစ္စည်းတို့အတွက် ဘေးအန္တရာယ်ရှိခြင်းတို့ပါဝင်သည်။

အရေးပေါ်အခြေအနေတွင် ဖုန်းသုညသုံးလုံးကိုခေါ်သည့်အခါ သင့်အနေဖြင့် စကားပြန်တစ်ဦးကိုလည်း တောင်းနိုင်ပါသည်။

အရေးပေါ်အခြေအနေတွင် ဖုန်းသုညသုံးလုံးကို မည်သည့်အချိန်တွင် ဆက်ရမည်နှင့် မည်သည်တို့ကို ကြိုတင် မျှော်လင့်ထားရမည်တို့နှင့်ပတ်သက်သည့် ပိုမိုသိရှိလိုသော အချက်အလက်များအတွက် ကျေးဇူးပြု၍ အောက်တွင် ကြည့်ပါ။

အကယ်၍သင်သည် အချက်အလက်များကို နားမလည်ပါက မိသားစုဝင်၊ မိတ်ဆွေ သို့မဟုတ် အိမ်နီးချင်းကို အကူအညီတောင်းပါ။

Reviewed 16 March 2023

Was this page helpful?